ဈေးကွက်ဈေးနှုန်း

အမျိုးသားပို့ကုန်မဟာဗျုဟာ၏ ကဏ္ဍအလိုက်ရုံးအဖွဲ့များနှင့် အပါတ်စဉ်ပုံမှန် ညှိနှိုင်းဆွေးနွေးခြင်း

Last Updated:

အမျိုးသားပို့ကုန်မဟာဗျူဟာ အကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှုယူနစ်(ရန်ကုန်)၏ တနင်္လာနေ့ ပုံမှန်အစည်းအဝေးအား (၂၈.၁.၂၀၁၉) (၁၁:၃၀) မှ ( ၁၃:၀၀) အချိန်ထိ ကမ်းနား လမ်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ပဉ္စမထပ်ရှိ NES ယူနစ်ရုံးတွင် ပြုလုပ်ခဲ့ရာ သက်ဆိုင်ရာဝန်ကြီးဌာနမှ စုစုပေါင်းကိုယ်စားလှယ် ( ၉ ) ဦး တက်ရောက်ခဲ့ကြပါသည်။ အစည်း အဝေးတွင် အုပ်ချုပ်မှုတာဝန်ခံဒုတိယ ညွှန်ကြားရေးမှူးမှ ပင်မဌာနတာဝန်များနှင့် မအားလပ် ပါသဖြင့် NES ၏လက်ထောက်ညွှန်ကြားရေးမှူးမှ NES လုပ်ငန်းတာဝန်များ၊မန္တလေးမြို့ ပွဲစား၊ကုန်သည်၊ မဟာကထိန်တော်အသင်းတွင် ပြုလုပ်ခဲ့သော ဆီထွက်သီးနှံကဏ္ဍ အစည်းအဝေး နှင့် ပတ်သက်၍တက်ရောက်ခဲ့မှုများအပေါ်CTQMမှ၎င်း အစည်းအဝေးသို့ တက်ရောက်ခဲ့သော ဦးစီးအရာရှိ ဒေါက်တာဒေါ်လဲ့လဲ့မိုးနှင့် ဆီထွက်သီးနှံလက်စွဲ စာအုပ်ပါအချက်များအား ဆွေးနွေး ပြောကြားခြင်း၊သတင်းထည့်ခြင်းအပြင်  ကဏ္ဍတစ်ခုချင်း၏ ကိုယ်စားလှယ်များမှပေးပို့တင်ပြ သော သတင်းအချက်အလက်များအား ဆွေးနွေးမေးမြန်းခဲ့ပါသည်။

ဆက်လက်၍ အပတ်စဉ်တင်ပြချက် သတင်းများနှင့်ပတ်သက်ပြီး မပျက်မကွက်ပုံမှန်ပေးပို့ကြပါ ရန် ပြောကြားပြီး အစည်းအဝေးအား (၁၃:၀၀) အချိန်တွင် ရပ်နားခဲ့ပါသည်။

 

NES  Unit